About Us

Blending cosmic wisdom with modern understanding to inspire growth and clarity.

Vision

၁။ နက္ခတ်ဗေဒင်ပညာကို စနစ်တကျ ထိန်းသိမ်း၊ ဖွံ့ဖြိုး တိုးတက်စေရန်
နက္ခတ်ဗေဒင်ပညာသည် ရှေးခေတ်မှ ယနေ့ခေတ်အထိ ဆက်လက်လေ့လာသော အရေးပါသည့် ပညာရပ်တစ်ရပ်ဖြစ်ပါသည်။ ထိုပညာရပ်ကို မပျောက်ကွယ်စေရန်၊ မမှန်ကန်သည့် သီအိုရီများ မရောထွေးစေရန်နှင့် စနစ်တကျ လေ့လာသင်ကြားနိုင်စေရန်အတွက် နက္ခတ်ဗေဒင်ကျောင်းကို တည်ထောင်ရခြင်း ဖြစ်ပါသည်။

၂။ အရည်အသွေးမြင့် နက္ခတ်ဗေဒင်ပညာရှင်များ မွေးထုတ်ပေးရန်
နက္ခတ်ဗေဒင်ကို လေ့လာသင်ယူထားသူတိုင်း အမှန်တကယ် နားလည်သဘောပေါက်ပြီး လူမှုအကျိုးပြုနိုင်သော ပညာရှင်ဖြစ်လာစေရန် ရည်ရွယ်ပါသည်။ ဇာတာဖတ်ရှုနိုင်ရုံသာမက သဘောတရားနက်ရှိုင်းစွာ နားလည်ခြင်း၊ အတွေ့အကြုံနှင့် အကျင့်ဝတ္တရားကို ထိန်းသိမ်းနိုင်သော နက္ခတ်ပညာရှင်များကို မွေးထုတ်ပေးရန်ဖြစ်ပါသည်။

၃။ လူမှုအကျိုးပြု ပညာရေးအဖြစ် အသုံးချနိုင်စေရန်
နက္ခတ်ဗေဒင်ပညာကို လူများ၏ ဘဝဆုံးဖြတ်ချက်များတွင် အထောက်အကူဖြစ်စေရန်၊ စိတ်အေးချမ်းမှုရရှိစေရန်နှင့် လမ်းညွှန်အကြံပေးမှုအဖြစ် အသုံးချနိုင်စေရန် ရည်ရွယ်ပါသည်။ အကြောက်အလန့်ပေးသော ဟောကိန်းများ မပေးဘဲ လူမှုအကျိုးနှင့် လူ့တန်ဖိုးကို ဦးစားပေးသော သင်ကြားရေးကို ဆောင်ရွက်ရန်ဖြစ်ပါသည်။

၄။ ရိုးရာပညာနှင့် ခေတ်မီပညာ ပေါင်းစပ်ဖွံ့ဖြိုးစေရန်
မြန်မာ့ရိုးရာနက္ခတ်ဗေဒင်၊ အိန္ဒိယနှင့်နက္ခတ်ဗေဒင်တို့ကို ခေတ်မီနည်းပညာများနှင့် ပေါင်းစပ်၍ လေ့လာနိုင်စေရန်၊ သုတေသနအခြေပြု သင်ကြားရေးစနစ် တည်ဆောက်ရန် ရည်ရွယ်ပါသည်။

ယနေ့ခေတ်တွင် အသုံးချနိုင်သည့် နက္ခတ်ဗေဒင်ပညာအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ပါသည်။

၅။ သုတေသနနှင့် စာပေဖွံ့ဖြိုးရေးကို မြှင့်တင်ရန်
နက္ခတ်ဗေဒင်ဆိုင်ရာ စာပေများကို စုဆောင်းထိန်းသိမ်းခြင်း၊ သုတေသနများ ဆောင်ရွက်ခြင်းနှင့် အသစ်သော သီအိုရီများကို စိစစ်လေ့လာခြင်းဖြင့် ပညာရပ်၏ အဆင့်အတန်းကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ မျိုးဆက်သစ်များအတွက် ယုံကြည်စိတ်ချရသော ပညာအမွေအနှစ်အဖြစ် ထားရှိရန်ဖြစ်ပါသည်။

၆။ နက္ခတ်ဗေဒင်ပညာရှင်များ၏ ကျင့်ဝတ်နှင့် တာဝန်ဝတ္တရားကို ထိန်းသိမ်းရန်
နက္ခတ်ဗေဒင်ကို အလွဲသုံးစား မလုပ်ဘဲ လူသားများ၏ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အကျိုးပြုနိုင်စေရန် ကျင့်ဝတ်စည်းမျဉ်းများကို အလေးထားသင်ကြားရန် ရည်ရွယ်ပါသည်။ အမှန်မရှိသည့် အကြောက်အလန့်ဖန်တီးမှုများကို တားဆီး၍ တာဝန်ရှိသော ပညာရှင်များ ဖြစ်လာစေရန် ဖြစ်ပါသည်။

၇။ အသက်မွေးဝမ်းကျောင်းအဖြစ် တည်တံ့စေရန်
နက္ခတ်ဗေဒင်ပညာကို အသက်မွေးဝမ်းကျောင်းအဖြစ် တရားဝင်၊ အကျင့်ဝတ္တရားနှင့် ကိုက်ညီစွာ ဆောင်ရွက်နိုင်စေရန် လမ်းညွှန်ပေးရန် ရည်ရွယ်ပါသည်။ ကိုယ်ပိုင်လုပ်ငန်းများ၊ အကြံပေးဝန်ဆောင်မှုများကို အရည်အသွေးရှိစွာ ဆောင်ရွက်နိုင်ရန် လေ့ကျင့်ပေးခြင်း ဖြစ်ပါသည်။

၈။ နက္ခတ်ဗေဒင်ပညာအပေါ် လူမှုယုံကြည်မှု တိုးတက်စေရန်
စနစ်တကျ သင်ကြားရေး၊ သုတေသနနှင့် ကျင့်ဝတ်ကို အခြေခံထားသော နက္ခတ်ဗေဒင်ကျောင်းတစ်ခုဖြင့် လူမှုအသိုင်းအဝိုင်းအတွင်း ယုံကြည်မှုရှိသော ပညာရပ်တစ်ရပ်အဖြစ် နက္ခတ်ဗေဒင်ကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။

 

Mission

၁။နက္ခတ်ဗေဒင်ပညာကို အခြေခံမှ အဆင့်မြင့်အထိ စနစ်တကျ၊ တိကျမှန်ကန်စွာ သင်ကြားပေးခြင်းဖြင့် သီအိုရီနက်ရှိုင်းမှု၊ လက်တွေ့ကျင့်မှုနှင့် လူမှုတာဝန်ယူမှု ပြည့်ဝသော နက္ခတ်ဗေဒင်ပညာရှင်များကို ဆက်လက်မွေးထုတ်ပေးရန် ဖြစ်ပါသည်။
၂။ကျောင်းသည် ရိုးရာမြန်မာ့နက္ခတ်ဗေဒင်အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်သွားသည့်အပြင် အိန္ဒိယ နက္ခတ်ဗေဒင်ပညာများကိုပါ ပေါင်းစပ်လေ့လာနိုင်စေရန်
၃။ခေတ်မီသင်ကြားရေးစနစ်၊ သုတေသနအခြေပြု လေ့လာမှုများနှင့် နည်းပညာအသုံးချမှုများကို အဓိကထား ဆောင်ရွက်သွားရန် ရည်မှန်းထားပါသည်။
၄။ ကျောင်းသည် နက္ခတ်ဗေဒင်ပညာကို အလွဲသုံးစားမဖြစ်စေရန် ပညာရှင်၏ ကျင့်ဝတ်၊ တာဝန်ဝတ္တရားနှင့် လူ့တန်ဖိုးကို အခြေခံသည့် သင်ကြားရေးယဉ်ကျေးမှု တည်ဆောက်ခြင်းကို အရေးပါဆုံးအဖြစ် သတ်မှတ်ပါသည်။
၅။လူများ၏ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးကို ထိခိုက်စေမည့် အကြောက်အလန့်ဖန်တီးသော ဟောကိန်းများကို ရှောင်ရှားပြီး အလင်းရောင်ပေးနိုင်သော အကြံပေးပညာအဖြစ်သာ အသုံးချစေရန် လမ်းညွှန်သင်ကြားသွားမည် ဖြစ်ပါသည်။
၆။နက္ခတ်ဗေဒင်ကျောင်းသည် ကျောင်းသားများအတွက် လက်တွေ့အတွေ့အကြုံရရှိနိုင်သည့် သင်တန်းများ၊ အလုပ်အကိုင်လမ်းညွှန်မှုများနှင့် အသက်မွေးဝမ်းကျောင်းအဖြစ် တည်တံ့စေရန် လိုအပ်သော
ပညာရေးနှင့် လက်တွေ့စွမ်းရည်များကို ပေါင်းစပ်ပေးအပ်သွားရန် ရည်ရွယ်ပါသည်။
၇။နက္ခတ်ဗေဒင်ဆိုင်ရာ စာပေသုတေသနများကို မြှင့်တင်ကာ အသစ်သော သဘောတရားများကို စိစစ်လေ့လာခြင်း၊ ပညာရှင်များအကြား ပညာဖလှယ်မှုများ ဆောင်ရွက်ခြင်းနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် ယုံကြည်စိတ်ချရသော နက္ခတ်ဗေဒင်ပညာရေးအဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Value

၁။ တိကျမှန်ကန်မှု (Integrity & Accuracy)
နက္ခတ်ဗေဒင်ကျောင်းသည် ပညာရပ်တစ်ရပ်အဖြစ် ယုံကြည်စိတ်ချရစေရန် အမှန်တရား၊ တိကျမှုနှင့် စနစ်ကျမှုကို အမြဲတမ်း ဦးစားပေးရမည်ဖြစ်ပါသည်။
မမှန်ကန်သော အချက်အလက်များ၊ အလွဲသုံးစား သီအိုရီများကို မသင်ကြားဘဲ သက်သေခံနိုင်သော နည်းလမ်းများဖြင့်သာ ပညာပေးသွားရန်ကို အခြေခံတန်ဖိုးအဖြစ် သတ်မှတ်ပါသည်။

၂။ ကျင့်ဝတ်နှင့် တာဝန်ဝတ္တရား (Ethics & Responsibility)
နက္ခတ်ဗေဒင်ပညာသည် လူ့စိတ်နှင့် ဘဝအပေါ် သက်ရောက်မှုရှိသည့် ပညာဖြစ်သဖြင့် ပညာရှင်၏ ကျင့်ဝတ်ကို အလွန်အရေးပါစွာ ထားရှိရပါမည်။
အကြောက်အလန့်ဖန်တီးခြင်း၊ မမှန်ကန်သော ကံကြမ္မာခန့်မှန်းမှုများကို ရှောင်ရှားကာ လူမှုအကျိုးကို ဦးစားပေးသော တာဝန်ရှိသည့် လမ်းညွှန်မှုများကိုသာ သင်ကြားပေးရန် ဖြစ်ပါသည်။

၃။ လူမှုအကျိုးပြုမှု (Service to Humanity)
နက္ခတ်ဗေဒင်ကျောင်း၏ အဓိကတန်ဖိုးတစ်ရပ်မှာ ပညာကို ကိုယ်ကျိုးအတွက်သာမက လူမှုအကျိုးအတွက် အသုံးချခြင်း ဖြစ်ပါသည်။
လူများ၏ ဘဝဆုံးဖြတ်ချက်များတွင် အလင်းရောင်ပေးနိုင်စေရန် စိတ်အားပေးမှု၊ လမ်းညွှန်မှုနှင့် ကူညီထောက်ပံ့မှုများကို အခြေခံတန်ဖိုးအဖြစ် ထားရှိပါသည်။

၄။ ပညာရပ်ကို လေးစားမှု (Respect for Knowledge & Tradition)
နက္ခတ်ဗေဒင်ပညာသည် ရိုးရာအမွေအနှစ်တစ်ရပ်ဖြစ်သဖြင့် ရှေးခေတ်စာပေများ၊ ဆရာကြီးများ၏ အတွေ့အကြုံများကို လေးစားထိန်းသိမ်းရမည် ဖြစ်ပါသည်။
တစ်ဖက်တွင်လည်း ခေတ်မီသုတေသနနှင့် အမြင်သစ်များကို လက်ခံသုံးစွဲကာ ပညာရပ်ကို အစဉ်အမြဲ ဖွံ့ဖြိုးတိုးတက်စေရန် လေးစားရပါမည်။

၅။ သင်ကြားရေးအရည်အသွေး (Excellence in Education)
နက္ခတ်ဗေဒင်ကျောင်းသည် သင်ကြားရေးအရည်အသွေးကို အမြဲတမ်း မြှင့်တင်ရန် ကြိုးပမ်းရမည်ဖြစ်ပါသည်။
ဆရာများ၏ အရည်အချင်း၊ သင်ရိုးညွှန်းတမ်း စနစ်ကျမှုနှင့် လက်တွေ့လေ့ကျင့်မှုများကို အရေးပါဆုံးတန်ဖိုးအဖြစ် ထားရှိရပါမည်။

၆။ သင်ယူသူဗဟိုပြုမှု (Student-Centered Learning)
ကျောင်းသားတစ်ဦးချင်းစီ၏ နားလည်နိုင်စွမ်း၊ စိတ်ဝင်စားမှုနှင့် အနာဂတ်ရည်မှန်းချက်များကို လေးစားပြီး လမ်းညွှန်ပေးနိုင်သော သင်ကြားရေးပတ်ဝန်းကျင် တည်ဆောက်ရန်ကို အခြေခံတန်ဖိုးအဖြစ် ချမှတ်ထားပါသည်။

၇။ ဆက်လက်သင်ယူမှုနှင့် သုတေသန (Continuous Learning & Research)
နက္ခတ်ဗေဒင်ပညာသည် အစဉ်ပြောင်းလဲတိုးတက်နေသော ပညာဖြစ်သဖြင့် ဆရာ၊ ကျောင်းသား နှစ်ဖက်စလုံး အမြဲတမ်း သင်ယူလေ့လာနေစေရန် သုတေသနနှင့် ပညာဖလှယ်မှုကို အခြေခံတန်ဖိုးအဖြစ် ထားရှိရပါမည်။

၈။ နည်းပညာအသုံးချမှု (Innovation & Technology Integration)
ခေတ်မီနည်းပညာများကို အသုံးချ၍ အွန်လိုင်းသင်ကြားရေး၊ Digital ဇာတာရေးစနစ်များနှင့် နက္ခတ်ဗေဒင်ပညာကို ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန်ကို အရေးပါသည့် တန်ဖိုးအဖြစ် သတ်မှတ်ပါသည်။

၉။ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု (Trust & Collaboration)
ဆရာများ၊ ကျောင်းသားများနှင့် လူမှုအသိုင်းအဝိုင်းအကြား ယုံကြည်မှု တည်ဆောက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နက္ခတ်ဗေဒင်ကျောင်း၏ အခြေခံတန်ဖိုးတစ်ရပ်အဖြစ် ထားရှိပါသည်။

၁၀။ တည်တံ့ခိုင်မြဲမှု (Sustainability & Long-Term Vision)
နက္ခတ်ဗေဒင်ကျောင်းသည် အချိန်တို အကျိုးအမြတ်ကို မလိုက်စားဘဲ အရည်အသွေး၊ ယုံကြည်မှုနှင့် လူမှုအကျိုးကို အခြေခံကာ ရှည်လျားစွာ တည်တံ့ခိုင်မြဲနိုင်ရန်ကို အရေးပါဆုံးတန်ဖိုးတစ်ရပ်အဖြစ် ချမှတ်ထားပါသည်။

Objectives

၁။ ပညာရေးဆိုင်ရာ Objective (Academic Objectives)

-နက္ခတ်ဗေဒင်ပညာကို စနစ်တကျ သင်ရိုးညွှန်းတမ်း ဖြင့် သင်ကြားပေးနိုင်ရန်။

-အရှေ့တိုင်း၊ စိတ်ပညာနက္ခတ် စသည့် ပညာမျိုးစုံကို ပေါင်းစပ်သင်ကြားရန်။

-သင်တန်းသားများအား သဘောတရားသာမက လက်တွေ့ဖတ်ရှုနိုင်စွမ်း ရရှိစေရန်။

-Beginner မှ Advanced အထိ အဆင့်လိုက် သင်တန်းစနစ် တည်ဆောက်ရန်။

 

၂။ ခေတ်မီနည်းပညာဆိုင်ရာ Objective (Digital & Technology Objectives)

-Online Class, Zoom Class များဖြင့် ဒစ်ဂျစ်တယ်သင်ကြားရေးစနစ် တည်ထောင်ရန်။

-သင်ခန်းစာများကို Video Lesson Library အဖြစ် သိမ်းဆည်းထားနိုင်ရန်။

-Software / Astrology Apps အသုံးပြုပြီး ခေတ်မီ Horoscope ဖန်တီးနိုင်စွမ်း သင်ကြားရန်။

-Social Media မှတဆင့် ပညာပျံ့နှံစေရန်။

 

။ သင်တန်းသားဖွံဖြိုးရေး Objective (Student Development Objectives)

-သင်တန်းပြီးပါက Professional Astrologer အဖြစ် ရပ်တည်နိုင်စွမ်း ရရှိစေရန်။

-Client နှင့် ပြောဆိုဆက်ဆံရာတွင် Ethics & Counseling Skills သင်ကြားပေးရန်။

-နက္ခတ်ပညာကို အသုံးပြုပြီး ဝင်ငွေလမ်းကြောင်း ဖန်တီးနိုင်စွမ်း ပေးရန်။

-သင်တန်းသားများအတွက် Internship / Practical Reading Session များ စီစဉ်ပေးရန်။

-ကျောင်းသားဟောင်းများကို ဆက်လက်ပံ့ပိုးရန် Network တည်ထောင်ရန်။

 

၄။ သုတေသန Objective (Research Objectives)

-နက္ခတ်ဗေဒင်ပညာကို ခေတ်သစ်အမြင်ဖြင့် ပြန်လည်လေ့လာသုတေသန ပြုလုပ်ရန်။

စိ-တ်ပညာ၊ လူမှုရေး၊ စီးပွားရေးတိုနှင့် နက္ခတ်ပညာ ဆက်နွယ်မှုများ လေ့လာရန်။

-ပညာရပ်ဆိုင်ရာ စာအုပ်များ ထုတ်ဝေရန်။

-နက္ခတ်ပညာအပေါ် ယုံကြည်စိတ်တိုးစေရန် Case Studies & Evidence-based Teaching အသုံးပြုရန်။

 

၅။ လူမှုရေးနှင့် ယုံကြည်မှုတည်ဆောက်ရေး Objective (Social & Ethical Objectives)

-နက္ခတ်ပညာကို ကြောက်ရွံစရာ မဟုတ်ပဲ လမ်းညွှန်ပညာ အဖြစ် နားလည်စေရန်။

-လူသားဘဝ တိုးတက်ရေးအတွက် Positive Guidance ပေးနိုင်သော နက္ခတ်ပညာရှင်များ ဖန်တီးရန်။

-ဇာတာဖတ်ရာတွင် မိမိအကျိုးစီးပွားထက် Client အကျိုးကို ဦးစားပေးသော Ethics တည်ဆောက်ရန်။

-လူမှုအသိုင်းအဝိုင်းအတွက် Free Knowledge Sharing / Public Talks ပြုလုပ်ရန်။

 

၆။ အဖွဲအစည်းတည်တံ့ရေး Objective (Institutional Sustainability Objectives)

-သင်တန်းကျောင်းကို Brand တစ်ခုအဖြစ် ယုံကြည်ရသော ပညာရေးအဖွဲအစည်း ဖြစ်အောင် တည်ဆောက်ရန်။

-သင်ကြားရေးစနစ်၊ စာရွက်စာတမ်း၊ စံနှုန်းများကို SOP (Standard Operating Procedures) ဖြင့် စနစ်တကျ ထိန်းသိမ်းရန်။

-ရေရှည်အတွက် Financial Sustainability Model (Course, Workshop, Online Program) တည်ဆောက်ရန်။



သင်တန်းစည်းကမ်းချက်

၁. သင်တန်းတက်ရောက်မှုနှင့် အချိန်လိုက်နာမှု

သင်တန်းစီစဉ်ထားသည့် နာရီအတိုင်း တက်ရောက်ရန်။

သင်တန်းအချိန်မတက်နိုင်ပါက ကြိုတင်အသိပေးရန်လိုအပ်သည်။

၂. သင်ကြားမှုဆိုင်ရာ စည်းမျဉ်း

သင်ကြားမှုအတွင်း စကားပြောခြင်းကို လိုအပ်သည့်အခါသာ ပြုလုပ်ရန်။

သင်တန်းအတွင်း ဖုန်း၊ အင်တာနက်၊ မက်ဆေ့ခ်ျကို အသုံးမပြုရန် (သို့) သင့်အတန်းက စည်းမျဉ်းအတိုင်းသာ ခွင့်ပြုထားပါကသာ အသုံးပြုနိုင်သည်။

၃. စာသင်ကြားမှုနှင့် လေ့ကျင့်မှု

သင်ကြားနေစဉ် သင်ပေးသည့် လေ့ကျင့်မှုများကို အစဉ်လိုက် ပြုလုပ်ရန်။

လေ့ကျင့်မှုများကို အိမ်တွင်လည်း ပြန်လေ့ကျင့်ရန်အတွက် လိုက်နာရမည်။

သင်ကြားမှုအတွင်း မေးခွန်းများ၊ သဘောမပေါက်မှုများကို သက်ဆိုင်ရာ အချိန်တွင် မေးရန်။

. သင်တန်းသားအချင်းချင်း အပြန်အလှန်သဘောထား

အခြားသင်တန်းသားများကို လေးစား၍ အပြန်အလှန် သဘောထားကောင်းစွာ ပြုလုပ်ရန်။

အတန်းအတွင်း ဖောက်ပြန်အမူအကျင့် မပြုလုပ်ရန် (ဥပမာ ရန်လိုဖွယ် စကား ပြောခြင်း)

Our Founder

Meet the vision behind our organization

Prof. Nanda Kyaw

Prof. Nanda Kyaw

ဦးဟန်ထွန်း (ခေါ်) ဒေါက်တာနန္ဒကျော် သည် ၄.၁၁.၁၉၇၈ ခုနှစ်တွင် စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ၌ မွေးဖွားခဲ့ပါသည်။ ဗေဒင်နှင့် နက္ခတ်ပညာရပ်များကို လေ့လာတီထွင်နေသော အတွေ့အကြုံကြွယ်ဝသည့် Astrology ပညာရှင်တစ်ဦး ဖြစ်ပါသည်။
 
ဗေဒင်ပညာရပ်များကို ရှင် နိမလ ဘွဲ့ ဖြင့် ငယ်စဉ်ကတည်းက စနစ်တကျ လေ့လာဆည်းပူးခဲ့ပြီး ကိုရင်ဘဝကာလအတွင်း မဟာဘုတ် နှင့် အင်္ဂဝိဇ္ဇာပညာရပ်များ ကို ဆရာတော် ဦးဓမ္မသာမိ ထံ၌ သင်ကြားခဲ့ပါသည်။
 
ထို့နောက် နက္ခတ်ပညာအထူးပြု လေ့လာမှုအဖြစ် ဆရာ ဦးရန်နိုင်ကျော် ထံတွင် နက္ခတ်ပညာရပ်များကို ဆက်လက်သင်ယူခဲ့ပြီး နက္ခတ်ပညာအခြေခံကို နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့ပါသည်။
 
အတွေ့အကြုံနှင့် သီအိုရီပေါင်းစပ်မှုအပေါ် အခြေခံ၍ ဖုန်းနံပါတ်ပညာရပ် ကို နက္ခတ်ပညာအခြေခံဖြင့် ကိုယ်တိုင်ထုတ်ဖော်ရေးသား ဖန်တီးနိုင်ခဲ့ပြီး လက်တွေ့အသုံးချနိုင်သော ပညာရပ်တစ်ခုအဖြစ် ဖော်ထုတ်ခဲ့ပါသည်။ 
 
ထို့အပြင် အသုံးချနက္ခတ်ပညာရပ်များကို အဆင့်မြင့် ဂြိုဟ်ရှစ်လုံး အဟောအစုံအလင်ဖြင့် ကိုယ်တိုင်စနစ်တကျရေးသား ဖော်ပြကာ သင်တန်းများ၊ ပညာပေးအစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
 
ပညာရပ်ဆိုင်ရာ အားနည်းချက်များကို ဖြည့်စွက်နိုင်ရန် ဒေါက်တာ ဦးတင်ဦး ထံ၌ လိုအပ်သော ပညာရပ်များကို ဆက်လက်သင်ယူ လေ့လာခဲ့ပါသည်။
 
အခြေခံပညာရေးအနေဖြင့် B.Sc (Mathematics) ဘွဲ့ရရှိထားပြီး သင်္ချာဆိုင်ရာ အတွေးအခေါ်နှင့် တွက်ချက်နည်းများကို ဗေဒင်နှင့် နက္ခတ်ပညာတွင် စနစ်တကျ အသုံးချနိုင်သည့် အားသာချက်ကို ပိုင်ဆိုင်ထားသူဖြစ်ပါသည်။ Ph.D ( Numerology) ဘွဲ့ကို အိန္ဒိယနိုင်ငံ တွင် သွားရောက် ယူခဲ့ပီး နက္ခတ်ပညာ ကို အဆက်မပြတ် ဖြန့်ဝေ သင်ကြား ပေးနေပါသည်။ ယခုအခါ နိုင်ငံတကာ အသိအမှတ်ပြု နက္ခတ် ပညာ ကို ဒေါက်တာဘွဲ့ အဖြစ် ရယူနိုင်အောင် သင်ကြား မွေးထုတ်န်ုင်သော တပည့်များပင် ရှိလာပါပြီ။
 
ဒေါက်တာနန္ဒကျော်၏ ရည်ရွယ်ချက်မှာ အသစ်သစ်သော အတွေးအခေါ်ပညာရပ်များ နှင့် အကောင်းဆုံး Astrology ပညာရပ် ကို တစ်ဆင့်ပြီး တစ်ဆင့် အဆင့်မြှင့်တင် ဖွံ့ဖြိုးလာစေရန် ဖြစ်ပါသည်။ ထို့အပြင် နောင်အနာဂတ်တွင် နိုင်ငံတကာ အသိအမှတ်ပြု နက္ခတ္တဗေဒဘွဲ့ ကို အိန္ဒိယ နိုင်ငံ ကလကတ္တား မြို့ရှိ World Astrologer Society မှ ပေးသော  မဟာဘွဲ့များ, ဒေါက်တာဘွဲ့များ ကို နိုင်ငံအတွင်း၌ပင် စနစ်တကျ ကျင်းပပြုလုပ်ပေးနိုင်သည့် Astrology ပညာရေးအဖွဲ့အစည်းတစ်ခုကို တည်ထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Learn From the Best

Meet our experienced and dedicated educators

Prof. Nanda Kyaw
Prof. Nanda Kyaw
Founder

The Founder established the academy with a clear vision to empower learners through meaningful education, growth, and transformation.


Email: prof.nandakyaw@Astroland.com.mm
Phone: +959789265493, +959891456493

Dr. May Myanmar Kyaw
Dr. May Myanmar Kyaw
Head of Academics

The Head of Academics leads academic excellence by designing quality programs and ensuring effective, student-focused learning.


Email: dr.maymyanmarkyaw@Astroland.com.mm
Phone: +959 455 428 956, +959 792 391 654

Dr. May Nyein Chan
Dr. May Nyein Chan
Sr Lecturer

A Senior Lecturer with strong subject expertise and teaching experience, dedicated to delivering clear, practical, and engaging learning experiences for students.


Email: dr.maynyeinchan@Astroland.com.mm
Phone: +959956542894, +959789294656

Dr. May Mon Myat Thu
Dr. May Mon Myat Thu
Sr Lecturer

An experienced academic professional who guides learners with depth, clarity, and insight, ensuring high-quality education and meaningful understanding.


Email: dr.maymonmyatthu@Astroland.com.mm
Phone: +959456395994

Explore Our Courses

Explore our wide range of expertly designed courses to upgrade your skills and accelerate your career 🚀

Numerology-ဂဏန်းဗေဒင်ပညာ

Membership

Designed for learning, growth, and community.

Student Member

Astroland Myanmar မှ ဖွင့်လှစ်သည့် သင်တန်းတခုခုအား သင်ယူပြီးမြောက်ပါက

Student Member အနေဖြင့် Member ဝင်ခွင့်ရှိပါသည်။

နိုင်ငံတကာရှိ Astrology University များတွင် Bachelor Degree တက်ရောက်နိုင်ရန်အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

MMK 30000

Join Now
Associate Member

Astrology Training Course Level 1+2 နှင့် အင်္ဂဝိဇ္ဇာ Level 1 သင်ယူပြီးမြောက်ပြီး

Astrology နက္ခတ်ဗေဒင်ပညာဖြင့်  လုပ်သက်၂နှစ်အထက်ရှိပါက Associate Member အဖြစ် Member ဝင်ခွင့်ရှိပါသည်။

နိုင်ငံတကာရှိ Astrology University များတွင် Master Degree တက်ရောက်နိုင်ရန်အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

MMK 50000

Join Now
Professional Member

Astrology Training Course Level 1+2+3 နှင့် အင်္ဂဝိဇ္ဇာ Level 1+2 သင်ယူပြီးမြောက်ပြီး

Astrology နက္ခတ်ဗေဒင်ပညာဖြင့်  လုပ်သက်၂နှစ်အထက်ရှိပါက Professional Member အဖြစ် Member ဝင်ခွင့်ရှိပါသည်။

နိုင်ငံတကာရှိ Astrology University များတွင် Ph.D Degree တက်ရောက်နိုင်ရန်အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

MMK 100000

Join Now

Our Activities: Learning, Growing, Connecting

From interactive training sessions to inspiring gatherings, we engage, learn, and celebrate together. Explore our vibrant activities and see how we bring knowledge and community to life!

Yangon Training (2024/Dec)

Yangon Training (2024/Dec)

Activity image
Activity image
Activity image
Activity image
Activity image
Activity image
Activity image
Activity image
Activity image
Activity image
Activity image
Activity image
Activity image
Activity image
Activity image
Activity image

နေပြည်တော် Training

နေပြည်တော် Training

Activity image
Activity image
Activity image

မုံရွာ Training

မုံရွာ Training

Activity image
Activity image
Activity image

ရန်ကုန် Training (2025/May)

ရန်ကုန် Training (2025/May)

Activity image
Activity image
Activity image

Gathering

Gathering

Activity image
Activity image
Activity image

Where You’ll Study

Our campuses are strategically located to give students a comfortable, accessible, and inspiring learning environment. Explore where your journey begins and find the campus that feels like home.

Yangon Campus

Room 244, 8 Fl ,Blk 11A, Aya Chantha Condo, Ayar Wun Street, 61Quarter. Dagon Seik Kan Tsp, Yangon, Myanmar.

Mandalay Campus

No.12/A, Cor of 119st. 56 C, Nya Nya 29, PyiGyi Tagon Tsp, Mandalay, Myanmar

Bangkok Campus

Room No 3706, 37Fl, Circle Condo Tower 2, Bangkok, Thailand